Talent လည်းရှိသလို Strength လည်း ကောင်းတယ်ဆိုတာ အလုပ်နဲ့သက်သေပြသွားတဲ့ ဟာလန်း

ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ လိုက်ပ်ဇစ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဂျာမန်ပိုကယ်ဖလားဗိုလ်လုပွဲမှာ ပြိုင်ဘက်နောက်ခံလူ အူပါမီကာနိုကို

ဘော်ဒီချင်းယှဉ်အနိုင်ယူကာ အသင်းအတွက် ဂိုးသွင်းယူသွားပါတယ်။

ဘွန်ဒက်စ်လီဂါမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်နေရဆဲဖြစ်တဲ့ ဒေါ့မွန်ဟာ မကြာသေးခင်ကမှ လိဂ်ပွဲစဉ်အဖြစ် အနိုင်ရခဲ့တဲ့ ပြိုင်ဘက်ကို

ဒီပွဲမှာလည်း ၄-၁ ဂိုးနဲ့အနိုင်ယူကာ ချန်ပီယံဖြစ်လာခဲ့တာပါ။

ဒီပွဲမှာ ဒေါ့မွန်အတွက် လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဆန်ချိုနဲ့ ဟာလန်းတို့က ၂ဂိုးစီသွင်းယူခဲ့ပြီး လိုက်ပ်ဇစ်နည်းပြနာဂယ်စ်မန်းလည်း

ဘိုင်ယန်ကိုမပြောင်းခင် အသင်းနဲ့ဆုဖလားရယူရေးမျှော်လင့်ချက် အဆုံးသတ်သွားပါတယ်။

ဟာလန်းဟာ ပွဲချိန် ၂၈မိနစ်မှာ အသင်းအတွက် ဒုတိယမြောက်ဂိုးသွင်းယူခဲ့ပြီး ဒီဂိုးနဲ့ပတ်သက်လို့ သူ့ရဲ့ အင်အားတောင့်တင်းမှုကို အထင်းသားမြင်တွေ့ခဲ့ပါတယ်။

သူဟာ ပင်နယ်တီဧရိယာထဲ ဆွဲပြေးလာရာမှာ လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကလည်း တောက်လျှောက်လိုက်ကပ်ကာ ကန်သွင်းခွင့်မရအောင် တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ဟာလန်းဟာ ပင်နယ်တီဧရိယာထဲအရောက်မှာတော့ ကပ်လိုက်လာတဲ့အူပါမီကာနိုကို ဘော်ဒီချင်းယှဉ်တိုက်လိုက်ပါတယ်။

ဟာလန်းရဲ့အနိုင်ကျင့်မှုကြောင့် အူပါမီကာနိုလည်း ဘယ်လိုမှတောင့်မခံနိုင်တော့ဘဲ မြက်ခင်းပေါ် ပက်လက်လဲကျသွားပါတယ်။

ဒီတော့မှ ဟာလန်းလည်း ဂိုးသမားရဲ့ညာဘက်အဝေးတိုင်ထောင့်ထဲ အသာလေးကန်သွင်းလိုက်ပြီး အူပါမီကာနိုအနေနဲ့ လဲကျနေရာကနေ ကြည့်နေရုံမှတစ်ပါး မတတ်နိုင်ခဲ့ပါဘူး။

ဟာလန်းက လူငယ်ဖြစ်လို့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကောင်းမွန်တာမှန်ပေမယ့် အူပါမီကာနိုကလည်း လူငယ်ဖြစ်သလို ဘော်ဒီဘယ်လောက်တောင့်လဲဆိုတာ အားလုံးအသိပါ။

”ဟာလန်းရဲ့လုပ်ပုံများကတော့ အူပါမီကာနိုကို ယူ-၁၅ ပလေယာလို့တောင် ထင်သွားစေတယ်”။

”အူပါမီကာနိုက ကမ္ဘာအတောင့်တင်းဆုံးနောက်ခံလူပါ။ ဒါပေမဲ့ ဟာလန်းနဲ့အတွေ့မှာတော့ သူလည်း မခံနိုင်ဘဲ မြက်ခင်းပေါ်လဲကျသွားရတယ်”

”ဟာလန်းက အူပါမီကာနို ကျောင်းသားလေးလိုဖြစ်သွားအောင် တွန်းလိုက်ပါတယ်။ ကြည့်ရတာ ကိုးရိုးကားယားနိုင်ပြီး ရယ်စရာလည်းကောင်းတယ်”

”ဟာလန်းရဲ့ Pace နဲ့ Strength က အူပါမီကာနိုကို အနိုင်ကျင့်နှိပ်စက်လိုက်တာပဲ”လို့ ပရိသတ်တွေက တွစ်တာမှာ အသီးသီးရေးသားခဲ့ကြပါတယ်။

Zawgyi

Talent လည္းရွိသလို Strength လည္း ေကာင္းတယ္ဆိုတာ အလုပ္နဲ႔သက္ေသျပသြားတဲ့ ဟာလန္း

ေဒါ့မြန္တိုက္စစ္မွဴး ဟာလန္းဟာ လိုက္ပ္ဇစ္ကို ဂိုးျပတ္အႏိုင္ရခဲ့တ့ဲ ဂ်ာမန္ပိုကယ္ဖလားဗိုလ္လုပြဲမွာ ၿပိဳင္ဘက္ေနာက္ခံလူ အူပါမီကာႏိုကို ေဘာ္ဒီခ်င္းယွဥ္အႏိုင္ယူကာ အသင္းအတြက္ ဂိုးသြင္းယူသြားပါတယ္။

ဘြန္ဒက္စ္လီဂါမွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ေမွ်ာ္လင့္ေနရဆဲျဖစ္တဲ့ ေဒါ့မြန္ဟာ မၾကာေသးခင္ကမွ လိဂ္ပြဲစဥ္အျဖစ္ အႏိုင္ရခဲ့တဲ့ ၿပိဳင္ဘက္ကို ဒီပြဲမွာလည္း ၄-၁ ဂိုးနဲ႔အႏိုင္ယူကာ ခ်န္ပီယံျဖစ္လာခဲ့တာပါ။

ဒီပြဲမွာ ေဒါ့မြန္အတြက္ လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ဆန္ခ်ိဳနဲ႔ ဟာလန္းတို႔က ၂ဂိုးစီသြင္းယူခဲ့ၿပီး လိုက္ပ္ဇစ္နည္းျပနာဂယ္စ္မန္းလည္း ဘိုင္ယန္ကိုမေျပာင္းခင္ အသင္းနဲ႔ဆုဖလားရယူေရးေမွ်ာ္လင့္ခ်က္ အဆုံးသတ္သြားပါတယ္။

ဟာလန္းဟာ ပြဲခ်ိန္ ၂၈မိနစ္မွာ အသင္းအတြက္ ဒုတိယေျမာက္ဂိုးသြင္းယူခဲ့ၿပီး ဒီဂိုးနဲ႔ပတ္သက္လို႔ သူ႕ရဲ႕ အင္အားေတာင့္တင္းမႈကို အထင္းသားျမင္ေတြ႕ခဲ့ပါတယ္။

သူဟာ ပင္နယ္တီဧရိယာထဲ ဆဲြေျပးလာရာမွာ လိုက္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုကလည္း ေတာက္ေလွ်ာက္လိုက္ကပ္ကာ ကန္သြင္းခြင့္မရေအာင္ တားဆီးဖို႔ ႀကိဳးစားခဲ့ပါတယ္။

ဒါေပမဲ့ ဟာလန္းဟာ ပင္နယ္တီဧရိယာထဲအေရာက္မွာေတာ့ ကပ္လိုက္လာတဲ့အူပါမီကာႏိုကို ေဘာ္ဒီခ်င္းယွဥ္တိုက္လိုက္ပါတယ္။

ဟာလန္းရဲ႕အႏိုင္က်င့္မႈေၾကာင့္ အူပါမီကာႏိုလည္း ဘယ္လိုမွေတာင့္မခံႏိုင္ေတာ့ဘဲ ျမက္ခင္းေပၚ ပက္လက္လဲက်သြားပါတယ္။

ဒီေတာ့မွ ဟာလန္းလည္း ဂိုးသမားရဲ႕ညာဘက္အေ၀းတိုင္ေထာင့္ထဲ အသာေလးကန္သြင္းလိုက္ၿပီး အူပါမီကာႏိုအေနနဲ႔ လဲက်ေနရာကေန ၾကည့္ေန႐ုံမွတစ္ပါး မတတ္ႏိုင္ခဲ့ပါဘူး။

ဟာလန္းက လူငယ္ျဖစ္လို႔ ႐ုပ္ပိုင္းဆိုင္ရာၾကံ့ခိုင္မႈေကာင္းမြန္တာမွန္ေပမယ့္ အူပါမီကာႏိုကလည္း လူငယ္ျဖစ္သလို ေဘာ္ဒီဘယ္ေလာက္ေတာင့္လဲဆိုတာ အားလုံးအသိပါ။

”ဟာလန္းရဲ႕လုပ္ပုံမ်ားကေတာ့ အူပါမီကာႏိုကို ယူ-၁၅ ပေလယာလို႔ေတာင္ ထင္သြားေစတယ္”။

”အူပါမီကာႏိုက ကမၻာအေတာင့္တင္းဆုံးေနာက္ခံလူပါ။ ဒါေပမဲ့ ဟာလန္းနဲ႔အေတြ႕မွာေတာ့ သူလည္း မခံႏိုင္ဘဲ ျမက္ခင္းေပၚလဲက်သြားရတယ္”

”ဟာလန္းက အူပါမီကာႏို ေက်ာင္းသားေလးလိုျဖစ္သြားေအာင္ တြန္းလိုက္ပါတယ္။ ၾကည့္ရတာ ကိုး႐ိုးကားယားႏိုင္ၿပီး ရယ္စရာလည္းေကာင္းတယ္”

”ဟာလန္းရဲ႕ Pace နဲ႔ Strength က အူပါမီကာႏိုကို အႏိုင္က်င့္ႏွိပ္စက္လိုက္တာပဲ”လို႔ ပရိသတ္ေတြက တြစ္တာမွာ အသီးသီးေရးသားခဲ့ၾကပါတယ္။