The Best ဆုရဲ့နောက်ဆုံးဆန်ခါတင်ထဲ စီရော်နယ်ဒိုနဲ့မက်ဆီတို့ပါဖို့ မထိုက်တန်ဘူးလို့ ဘာဘာတော့ဗ်ပြောပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖီဖာက ရွေးချယ်ချီးမြင့်ပေးမယ့် The Best ဆုရဲ့နောက်ဆုံးဆန်ခါတင် ၃ ဦးထဲမှာ စီရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ မထိုက်မတန်ပါဝင်နေတယ်လို့ မန်ယူတိုက်စစ်မှုးဟောင်းဘာဘာတော့ဗ်က ယုံကြည်နေပါတယ်။

ကိုဗစ်ကြောင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့Ballon d’Or ဆုပေးပွဲကို ဖျက်သိမ်းလိုက်တာကြောင့် ဒီနှစ်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဆိုလို့ ဖီဖာက ပေးအပ်မယ့် The Best ဆုသာ ရှိပါတယ်။

အဲဒီဆုကို ကြာသပတေးနေ့မှာ ရွေးချယ်ချီးမြင့်ပေးသွားမှာဖြစ်ပြီး The Best ရဲ့အမျိုးသားအကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင် ၃ ဦးထဲမှာ လီဝန်ဒေါစကီးနဲ့အတူ စီရော်နယ်ဒိုနဲ့မက်ဆီတို့ပါဝင်နေကြတာပါ။

ဒီနှစ်ရဲ့The Best ဆုအတွက် လီဝန်ဒေါစကီးဟာ မှန်ကန်တဲ့အနိုင်ရသူဖြစ်လိမ့်မယ်လို့ ဘာဘာတော့ဗ်ကဆိုခဲ့ပေမယ့် နောက်ဆုံးဆန်ခါတင်ထဲမှာ စီရော်နယ်ဒိုနဲ့မက်ဆီတို့ပါဝင်နေတာကိုတော့ သူက ဘဝင်မကျဖြစ်နေပါတယ်။

”ဖီဖာရဲ့ The Best ဆု နောက်ဆုံးဆန်ခါတင်ထဲမှာ စီရော်နယ်ဒိုနဲ့မက်ဆီတို့ပါဝင်နေတာကို ကျွန်တော်အံ့အားသင့်မိပါတယ်။ ဒီနေရာတွေမှာ သူတု့ိရှိသင့်သလားဆိုတာကို ကျွန်တော် သေချာမပြောနိုင်ပါဘူး။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ဘောလုံးဟာ စီးပွားရေးတစ်ခုဖြစ်နေပြီး အဲဒီနောက်ကွယ်မှာ အေးဂျင့်တွေနဲ့စာနယ်ဇင်းတွေက လိုသလိုလုပ်နေကြပါတယ်”ဘာဘာတော့ဗ်က ပြောခဲ့တာပါ။

ဒီဆုအတွက် တခြားရနိုင်သူတွေနဲ့ပတ်သက်ပြီး ဘာဘာတော့ဗ်က”လီဝန်ဒေါစကီးနဲ့ဘယ်သူတွေရှိသင့်သလဲဆိုတာကိုတော့ ကျွန်တော် သေချာမပြောနိုင်ပါဘူး။ အမြဲတမ်းလိုတော့ အားလုံးမှာ ဘယ်သူရသင့်တယ်ဆိုတာနဲ့ပတ်သက်လို့ ကိုယ်ပိုင်အမြင်တွေရှိကြမှာပါ။ ဒီနှစ်မှာတော့ ဘယ်သူက ဒုတိယ၊တတိယဆိုတာ အရေးမကြီးတော့ဘဲ လီဝန်ဒေါစကီးကသာ ဆုရဖို့ထိုက်တန်သူပါ”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း ဆုကြီးတွေနဲ့ပတ်သက်ပြီး စီရော်နယ်ဒိုနဲ့မက်ဆီတို့ကိုတားဆီးနိုင်တာဆိုလို့ ရီးရဲလ်ကွင်းလယ်လူမိုဒရစ်တစ်ယောက်သာရှိခဲ့ပြီး ၂၀၁၈ မှာ Ballon d’Or ဆုရော The Best ဆုကိုပါ ရရှိခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

The Best ဆုရဲ႕ေနာက္ဆုံးဆန္ခါတင္ထဲ စီေရာ္နယ္ဒိုနဲ႔မက္ဆီတုိ႔ပါဖို႔ မထုိက္တန္ဘူးလုိ႔ ဘာဘာေတာ့ဗ္ေျပာၿပီ

ဖီဖာက ေရြးခ်ယ္ခ်ီးျမင့္ေပးမယ့္ The Best ဆုရဲ႕ေနာက္ဆုံးဆန္ခါတင္ ၃ ဦးထဲမွာ စီေရာ္နယ္ဒိုနဲ႔မက္ဆီတုိ႔ဟာ မထိုက္မတန္ပါ၀င္ေနတယ္လုိ႔ မန္ယူတုိက္စစ္မႈးေဟာင္းဘာဘာေတာ့ဗ္က ယုံၾကည္ေနပါတယ္။ ကိုဗစ္ေၾကာင့္ ျပင္သစ္ေဘာလုံးမဂၢဇင္းရဲ႕Ballon d’Or ဆုေပးပြဲကို ဖ်က္သိမ္းလိုက္တာေၾကာင့္ ဒီႏွစ္မွာ ကမာၻ႔အေကာင္းဆုံးကစားသမားဆုဆိုလုိ႔ ဖီဖာက ေပးအပ္မယ့္ The Best ဆုသာ ရွိပါတယ္။

အဲဒီဆုကို ၾကာသပေတးေန႔မွာ ေရြးခ်ယ္ခ်ီးျမင့္ေပးသြားမွာျဖစ္ၿပီး The Best ရဲ႕အမ်ိဳးသားအေကာင္းဆုံးကစားသမားဆုအတြက္ ေနာက္ဆုံးဆန္ခါတင္ ၃ ဦးထဲမွာ လီ၀န္ေဒါစကီးနဲ႔အတူ စီေရာ္နယ္ဒုိနဲ႔မက္ဆီတို႔ပါ၀င္ေနၾကတာပါ။ ဒီႏွစ္ရဲ႕The Best ဆုအတြက္ လီ၀န္ေဒါစကီးဟာ မွန္ကန္တဲ့အႏိုင္ရသူျဖစ္လိမ့္မယ္လုိ႔ ဘာဘာေတာ့ဗ္ကဆုိခဲ့ေပမယ့္ ေနာက္ဆုံးဆန္ခါတင္ထဲမွာ စီေရာ္နယ္ဒိုနဲ႔မက္ဆီတုိ႔ပါ၀င္ေနတာကိုေတာ့ သူက ဘ၀င္မက်ျဖစ္ေနပါတယ္။

”ဖီဖာရဲ႕ The Best ဆု ေနာက္ဆုံးဆန္ခါတင္ထဲမွာ စီေရာ္နယ္ဒိုနဲ႔မက္ဆီတုိ႔ပါ၀င္ေနတာကို ကၽြန္ေတာ္အံ့အားသင့္မိပါတယ္။ ဒီေနရာေတြမွာ သူတု႔ိရွိသင့္သလားဆုိတာကို ကၽြန္ေတာ္ ေသခ်ာမေျပာႏိုင္ပါဘူး။ ဒါေပမဲ့ ကံဆုိးစြာနဲ႔ပဲ ေဘာလုံးဟာ စီးပြားေရးတစ္ခုျဖစ္ေနၿပီး အဲဒီေနာက္ကြယ္မွာ ေအးဂ်င့္ေတြနဲ႔စာနယ္ဇင္းေတြက လိုသလုိလုပ္ေနၾကပါတယ္”ဘာဘာေတာ့ဗ္က ေျပာခဲ့တာပါ။ ဒီဆုအတြက္ တျခားရႏိုင္သူေတြနဲ႔ပတ္သက္ၿပီး ဘာဘာေတာ့ဗ္က”လီ၀န္ေဒါစကီးနဲ႔ဘယ္သူေတြရွိသင့္သလဲဆုိတာကိုေတာ့ ကၽြန္ေတာ္ ေသခ်ာမေျပာႏိုင္ပါဘူး။ အၿမဲတမ္းလုိေတာ့ အားလံုးမွာ ဘယ္သူရသင့္တယ္ဆုိတာနဲ႔ပတ္သက္လုိ႔ ကိုယ္ပိုင္အျမင္ေတြရွိၾကမွာပါ။ ဒီႏွစ္မွာေတာ့ ဘယ္သူက ဒုတိယ၊တတိယဆုိတာ အေရးမႀကီးေတာ့ဘဲ လီ၀န္ေဒါစကီးကသာ ဆုရဖုိ႔ထိုက္တန္သူပါ”လုိ႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၁၂ ႏွစ္အတြင္း ဆုႀကီးေတြနဲ႔ပတ္သက္ၿပီး စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ကိုတားဆီးႏိုင္တာဆုိလို႔ ရီးရဲလ္ကြင္းလယ္လူမိုဒရစ္တစ္ေယာက္သာရွိခဲ့ၿပီး ၂၀၁၈ မွာ Ballon d’Or ဆုေရာ The Best ဆုကိုပါ ရရွိခဲ့တာပါ။