The Best ဆုအတွက်နောက်ဆုံး ၃ ဦးစာရင်းမှာ မက်ဆီ၊ စီရော်နယ်ဒိုနဲ့ လီဝန်ဒေါစကီးတို့ပါဝင်လာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

FIFA The Best Men’s Player Award 2020 အတွက် နောက်ဆုံး ၃ ဦးစာရင်းကိုထုတ်ပြန်လိုက်ရာမှာ ဘာစီလိုနာနဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ၊ ဂျူဗင်တပ်နဲ့ ပေါ်တူဂီလက်ရွေးစင် စီရော်နယ်ဒို၊ ဘိုင်ယန်မြူးနစ်နဲ့ ပိုလန်လက်ရွေးစင် လီဝန်ဒေါစကီး တို့ပါဝင်လာကြတယ်လို့ သိရပါတယ်။

ဒီနှစ်မှာ ကိုဗစ်ကပ်ရောဂါဖြစ်နေလို့ Ballon d’Or for 2020 ရွေးချယ်မှုကို ဖျက်သိမ်းလိုက်လို့ ဖီဖာရဲ့အကောင်းဆုံးဆုကို ဘယ်သူရမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းလာပါတယ်။ ဆုပေးပွဲကို ဒီဇင်ဘာ ၁၇ မှာကျင်းပသွားမှာဖြစ်ပြီး လီဝန်ဒေါစကီးက ဆုရဖို့ရေပန်းအစားဆုံးဖြစ်နေပါတယ်။

အကောင်းဆုံးဂိုးသမားဆုအတွက် လီဗာပူးက အဲလစ်ဆန်၊ ဘိုင်ယန်မြူးနစ်က နူအာ၊ အက်သလက်တီကိုက အိုဘလက်တို့ နောက်ဆုံး ၃ ဦးစာရင်းမှာ ပါဝင်လာပါတယ်။

လက်ရှိကစားသမား ၃ဦးမှာ မက်ဆီပါဝင်လာတာကို အံအားသင့်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ရာသီက ဘာအောင်မြင်မှုမှမရခဲ့တာကြောင့် မက်ဆီ ပါလာတာကို ဝေဖန်နေကြတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ လာလီဂါချန်ပီယံဘွဲ့ကို ရီးရဲလ်မက်ဒရစ် ဆီလွှဲပေးခဲ့ရသလို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာလည်း ချန်ပီယံဖြစ်မယ့် ဘိုင်ယန်ကို ၂ ပွဲပေါင်းရလဒ် ၈-၂ နဲ့ရှုံးခဲ့ရတာပါ။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီကို ပထမဆုံး ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်အောင်ကူညီပေးခဲ့တဲ့ နေမာ သာ ပါဝင်သင့်တယ်လို့ ဆိုနေကြတာပါ။ လီဝန်ဒေါစကီးဟာပြီးခဲ့တဲ့ရာသီက ဘိုင်ယန်ဖလား ၃ လုံးရခဲ့မှုမှာ အဓိကကျခဲ့ပြီး ပြိုင်ပွဲအရပ်ရပ် ၅၅ ဂိုးသွင်းခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာ ၃၄ ဂိုးရရှိခဲ့ပါတယ်။

စီရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့ရာသီစီးရီးအေမှာ ဂျူဗင်တပ်ချန်ပီယံဖြစ်ခဲ့တော့ သူက ၃၁ ဂိုးသွင်းယူခဲ့ပြီး မက်ဆီက လာလီဂါမှာ ၂၅ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။

နည်းပြဆုအတွက် ဘိုင်ယန်က ဟန်ဆီဖလစ်၊ လီဗာပူးက ကလော့ပ်နဲ့ လိဒ်ယူနိုက်တက် ကဘီရယ်ဆာ တို့ပါဝင်လာပါတယ်။

အကောင်းဆုံးဂိုးဆုအတွက် ဘရာဇီးကလပ် ဆီရာက အာရာစကာတီက ဖလာမင်ဂိုဘက်ကိုသွင်းတဲ့ဂိုး၊ စပါးက ဆွန်ဟောငမင်က ဘန်လေဘက်ကိုသွင်းတဲ့ဂိုးနဲ့ ဘာစီလိုနာမှာ ဆွာရက်ဇ်က မာယော့ကာဘက်ကိုသွင်းတဲ့ ဂိုတွေပါဝင်လာကြောင်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

The Best ဆုအတြက္ေနာက္ဆုံး ၃ ဦးစာရင္းမွာ မက္ဆီ၊ စီေရာ္နယ္ဒိုနဲ႔ လီဝန္ေဒါစကီးတို႔ပါဝင္လာ

FIFA The Best Men’s Player Award 2020 အတြက္ ေနာက္ဆုံး ၃ ဦးစာရင္းကိုထုတ္ျပန္လိုက္ရာမွာ ဘာစီလိုနာနဲ႔ အာဂ်င္တီးနားတိုက္စစ္မႉး မက္ဆီ၊ ဂ်ဴဗင္တပ္နဲ႔ ေပၚတူဂီလက္ေ႐ြးစင္ စီေရာ္နယ္ဒို၊ ဘိုင္ယန္ျမဴးနစ္နဲ႔ ပိုလန္လက္ေ႐ြးစင္ လီဝန္ေဒါစကီး တို႔ပါဝင္လာၾကတယ္လို႔ သိရပါတယ္။ ဒီႏွစ္မွာ ကိုဗစ္ကပ္ေရာဂါျဖစ္ေနလို႔ Ballon d’Or for 2020 ေ႐ြးခ်ယ္မႈကို ဖ်က္သိမ္းလိုက္လို႔ ဖီဖာရဲ႕အေကာင္းဆုံးဆုကို ဘယ္သူရမလဲဆိုတာ စိတ္ဝင္စားဖို႔ေကာင္းလာပါတယ္။ ဆုေပးပြဲကို ဒီဇင္ဘာ ၁၇ မွာက်င္းပသြားမွာျဖစ္ၿပီး လီဝန္ေဒါစကီးက ဆုရဖို႔ေရပန္းအစားဆုံးျဖစ္ေနပါတယ္။

အေကာင္းဆုံးဂိုးသမားဆုအတြက္ လီဗာပူးက အဲလစ္ဆန္၊ ဘိုင္ယန္ျမဴးနစ္က ႏူအာ၊ အက္သလက္တီကိုက အိုဘလက္တို႔ ေနာက္ဆုံး ၃ ဦးစာရင္းမွာ ပါဝင္လာပါတယ္။ လက္ရွိကစားသမား ၃ဦးမွာ မက္ဆီပါဝင္လာတာကို အံအားသင့္ေဝဖန္မႈေတြလည္း ရွိေနပါတယ္။ ဘာစီလိုနာဟာ ၿပီးခဲ့တဲ့ရာသီက ဘာေအာင္ျမင္မႈမွမရခဲ့တာေၾကာင့္ မက္ဆီ ပါလာတာကို ေဝဖန္ေနၾကတာျဖစ္ပါတယ္။ ဘာစီလိုနာဟာ လာလီဂါခ်န္ပီယံဘြဲ႕ကို ရီးရဲလ္မက္ဒရစ္ ဆီလႊဲေပးခဲ့ရသလို ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာလည္း ခ်န္ပီယံျဖစ္မယ့္ ဘိုင္ယန္ကို ၂ ပြဲေပါင္းရလဒ္ ၈-၂ နဲ႔ရႈံးခဲ့ရတာပါ။

ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့ရာသီက ပီအက္စ္ဂ်ီကို ပထမဆုံး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္ေအာင္ကူညီေပးခဲ့တဲ့ ေနမာ သာ ပါဝင္သင့္တယ္လို႔ ဆိုေနၾကတာပါ။ လီဝန္ေဒါစကီးဟာၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ဖလား ၃ လုံးရခဲ့မႈမွာ အဓိကက်ခဲ့ၿပီး ၿပိဳင္ပြဲအရပ္ရပ္ ၅၅ ဂိုးသြင္းခဲ့ၿပီး ဘြန္ဒက္စ္လီဂါမွာ ၃၄ ဂိုးရရွိခဲ့ပါတယ္။ စီေရာ္နယ္ဒိုကေတာ့ ၿပီးခဲ့တဲ့ရာသီစီးရီးေအမွာ ဂ်ဴဗင္တပ္ခ်န္ပီယံျဖစ္ခဲ့ေတာ့ သူက ၃၁ ဂိုးသြင္းယူခဲ့ၿပီး မက္ဆီက လာလီဂါမွာ ၂၅ ဂိုးသာသြင္းႏိုင္ခဲ့ပါတယ္။

နည္းျပဆုအတြက္ ဘိုင္ယန္က ဟန္ဆီဖလစ္၊ လီဗာပူးက ကေလာ့ပ္နဲ႔ လိဒ္ယူႏိုက္တက္ ကဘီရယ္ဆာ တို႔ပါဝင္လာပါတယ္။ အေကာင္းဆုံးဂိုးဆုအတြက္ ဘရာဇီးကလပ္ ဆီရာက အာရာစကာတီက ဖလာမင္ဂိုဘက္ကိုသြင္းတဲ့ဂိုး၊ စပါးက ဆြန္ေဟာငမင္က ဘန္ေလဘက္ကိုသြင္းတဲ့ဂိုးနဲ႔ ဘာစီလိုနာမွာ ဆြာရက္ဇ္က မာေယာ့ကာဘက္ကိုသြင္းတဲ့ ဂိုေတြပါဝင္လာေၾကာင္း သိရပါတယ္။