The Gladiator ကို ခေါ်ယူဖို့ ယူနိုက်တက်စောင့်ကြည့်နေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ‘The Gladiator’ ဆိုပြီးတော့

နာမည်ပြောင်သတ်မှတ်ခံထားရတဲ့ နယ်သာလန်ကလပ် ဖီယင်နုအသင်းနောက်ခံလူ

မားကို့စ်ဆန်နီစီကိုခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

အာဂျင်တီးနားနောက်ခံလူဆန်နီစီဟာ ဖီယင်နုအသင်းနဲ့

စာချုပ်သက်တမ်း(၁၈)လသာကျန်ရှိတော့ပြီး

ကစားသမားက မြင့်မားတဲ့လစာငွေရမှ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့

ဆန္ဒရှိနေတာကြောင့် စာချုပ်သစ်ကိစ္စက အဆင်မပြေဖြစ်နေပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူဆန်နီစီဟာ ၂၀၁၉ ခုနှစ်တုန်းက

ဆန်လော်ရင်ဇိုအသင်းကနေ ဖီယင်နုအသင်းဆီပြောင်းရွှေ့ခဲ့ပြီး

အခုလောလောဆယ်အထိ အသင်းအတွက်(၆၅)ပွဲကစား၊ (၄)ဂိုးသွင်းယူခဲ့သလို

သူက နောက်တန်းတစ်ခုလုံးကို အကောင်းဆုံးဦးဆောင်ကစားနိုင်လို့

ပရိသတ်တွေက ဆန်နီစီကို ‘The Gladiator’လို့ နာမည်ပြောင်သတ်မှတ်ပေးခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီရာသီအစပိုင်းက ဗာရန်းကို ခေါ်ယူခဲ့ပေမယ့်

သူက ဒဏ်ရာတွေနဲ့ရုန်းကန်နေရပြီး

မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်အတွဲအဖက်က အဆင်မပြေတာကြောင့်

နောက်ခံလူသစ်ခေါ်ယူဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ဆန်နီစီကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ဝက်စ်ဟမ်း၊ စပါး၊ ဗီလာ၊

လိဒ်စ်တို့ကလည်းစိတ်ဝင်စားနေလို့ အဲဒီအသင်းတွေနဲ့အပြိုင် ကြိုးပမ်းရဖို့ရှိနေပါပြီ။

zawgyi

The Gladiator ကို ေခၚယူဖို႔ ယူႏိုက္တက္ေစာင့္ၾကည့္ေန

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ‘The Gladiator’ ဆိုၿပီးေတာ့

နာမည္ေျပာင္သတ္မွတ္ခံထားရတဲ့ နယ္သာလန္ကလပ္ ဖီယင္ႏုအသင္းေနာက္ခံလူ

မားကို႔စ္ဆန္နီစီကိုေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။

အာဂ်င္တီးနားေနာက္ခံလူဆန္နီစီဟာ ဖီယင္ႏုအသင္းနဲ႔

စာခ်ဳပ္သက္တမ္း(၁၈)လသာက်န္ရွိေတာ့ၿပီး

ကစားသမားက ျမင့္မားတဲ့လစာေငြရမွ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔

ဆႏၵရွိေနတာေၾကာင့္ စာခ်ဳပ္သစ္ကိစၥက အဆင္မေျပျဖစ္ေနပါတယ္။

အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူဆန္နီစီဟာ ၂၀၁၉ ခုႏွစ္တုန္းက

ဆန္ေလာ္ရင္ဇိုအသင္းကေန ဖီယင္ႏုအသင္းဆီေျပာင္းေ႐ႊ႕ခဲ့ၿပီး

အခုေလာေလာဆယ္အထိ အသင္းအတြက္(၆၅)ပြဲကစား၊ (၄)ဂိုးသြင္းယူခဲ့သလို

သူက ေနာက္တန္းတစ္ခုလုံးကို အေကာင္းဆုံးဦးေဆာင္ကစားႏိုင္လို႔

ပရိသတ္ေတြက ဆန္နီစီကို ‘The Gladiator’လို႔ နာမည္ေျပာင္သတ္မွတ္ေပးခဲ့တာပါ။

ယူႏိုက္တက္အသင္းဟာ ဒီရာသီအစပိုင္းက ဗာရန္းကို ေခၚယူခဲ့ေပမယ့္

သူက ဒဏ္ရာေတြနဲ႔႐ုန္းကန္ေနရၿပီး

မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္အတြဲအဖက္က အဆင္မေျပတာေၾကာင့္

ေနာက္ခံလူသစ္ေခၚယူဖို႔ဆႏၵရွိေနတာျဖစ္ပါတယ္။

ဒါေပမဲ့ ဆန္နီစီကို ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ ဝက္စ္ဟမ္း၊ စပါး၊ ဗီလာ၊

လိဒ္စ္တို႔ကလည္းစိတ္ဝင္စားေနလို႔ အဲဒီအသင္းေတြနဲ႔အၿပိဳင္ ႀကိဳးပမ္းရဖို႔ရွိေနပါၿပီ။