
ခရစ္စတီယာနိုရော်နယ်ဒိုနှင့်လီယွန်နယ်မက်ဆီတို့ဟာကမ္ဘာ့လေးစားအားကျခံရဆုံး
အားကစားသမားများအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။
အိန္ဒိယခရစ်ကတ်ဂန္ထဝင်များဖြစ်ကြတဲ့ဆာချန်တန်ဒူလ်ကာနှင့်ဗီရက်ခိုလီတို့က
ကမ္ဘာ့လေးစားအားကျခံရဆုံးအားကစားသမားများစာရင်းမှာ
အဆင့်၃နှင့်အဆင့်၄နေရာတို့မှာအသီးသီးရပ်တည်နိုင်ခဲ့ကြပါတယ်။
YouGov ကကမ္ဘာ့လေးစားအားကျခံရဆုံးပုဂ္ဂိုလ်ကို
စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ယင်းအထဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာ
ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်၊မက်ဆီ၊ဂျက်ကီချန်း၊ဂျက်မား၊ဝါရင်ဘူဖက်၊ဒေါ်နယ်ထရန်း၊
ဂျိုးဘိုင်ဒန်တို့ရဲ့အပေါ်တွင်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာဘာရစ်ခ်အိုဘားမား၊ဘီးလ်ဂိတ်၊ဇီကျန်မင်း၊
ရှီကျင့်ဖင်တို့နောက် အဆင့်၄နေရာတွင်ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
လီယွန်နယ်မက်ဆီကဂျက်ကီချန်း၊အယ်လွန်မတ်စ်တို့နောက်
အဆင့်၇နေရာတွင်ရပ်တည်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့လေးစားအားကျခံရဆုံးအမျိုးသမီးစာရင်းတွင်
မီချယ်လီအိုဘားမားကထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့ပါတယ်။
zawgyi
YouGov က ကမ္ဘာ့လေးစားအားကျခံရဆုံးပုဂ္ဂိုလ် စစ်တမ်းကောက်ယူမှုမှာ ခရစ္စတီယာနိုရော်နယ်ဒိုနှင့်မက်ဆီ ပါဝင်
ကမ္ဘာ့လေးစားအားကျခံရဆုံးအားကစားသမားများစာရင်းမှာအဆင့်၃နှင့်အဆင့်၎နေရာတို့မှာ
ရှီကျင့်ဖင်တို့နောက် အဆင့်၎နေရာတွင်ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။